TikTok video #7278202800088141057 posted by @naruto.win

ဘယ်အရာမဆို ကိုယ်နဲ့ဆိုင်ချင်တယ် ... လူတစ်ယောက်ကို ရူးရူးမူးမူးမချစ်မိတော့ကြာပြီ ပြီးတော့ တစ်စုံတစ်ယောက်ရဲ့ မရှိမဖြစ် မဖြစ်ချင်တော့ဟာလည်း အတော့ကို ကြာပြီမေ ... ဒါပေမယ့် ဒီဖက်နှစ်တွေမှာ ကိုယ်ပြေးနေတဲ့ အချစ်တွေနဲ့ တည့်တည့်ကြီးပြန်တိုးတယ် ကိုယ် မင်းကို ချစိတယ် သိရဲ့လား မေ ပြီးတော့လေ အဲ့ထက်ပိုတဲ့ မျှော်လင့်ချက်တွေ အများကြီးကိုလည်း ထားနေမိတယ် ။ ဖြစ်နိုင်မယ်ဆိုရင်လေ နေထွက်တာက အစ နေ၀င်တာအဆုံး မင်းအနားရှိချင်တယ် ပြီးတော့ အရာရာက ကိုယ်နဲ့ ဆိုင်ချင်တယ် ။ အတ္တလို့ပဲ ခေါင်းစဥ်တပ်ပါ မေရဲ့ ရပါတယ် ... ဒါပေမယ့် အဲ့ဒီအတ္တတွေမှာလေ မင်းကို ပျော်စေချင်တယ်ဆိုတဲ့ ဆန္ဒတွေ အများကြီးပါတယ် ဘယ်အချိန်မဆို မင်းမျက်နှာလေးကို ငေးပြီး ဖြတ်သန်းချင်တဲ့ မျှော်လင့်ချက်တွေပါတယ် ။ ပျော်ရွှင်နေတဲ့အခါ ပြီးတော့ ငိုနေတဲ့အခါ ဘယ်အချိန်မှာ အနားနားရှိချင်တဲ့ စိတ်ကူးလေးတွေ ပါတယ် ။ မေ ... ခင်ဗျားသိလား အဲ့ဒီအတ္တတွေက ချစ်လို့ဖြစ်တာလို့ မရှင်းပြချင်တော့ဘူး နေရာတကာ လိုက်ချုပ်ချယ်နေတာလို့လဲ မသတ်မှတ်စေချင်ဘူး ။ ကိုယ် ဆိုလိုတာကလေ ... မင်းရဲ့ အဆင်မပြေခြင်းတွေကို ပထမဆုံး သိချင်မိတဲ့သူက ကိုယ်ပဲ ဖြစ်ချင်ခဲ့ရုံပါ ... ပျော်ပါတယ်ဆိုပြီး မျက်နှာလွဲသွားတာမျိုးတွေ ထပ်ပြီး မဖြစ်စေချင်တော့ဘူး ။ ကိုယ့်ကို ဘယ်အရာကိုမဆို ပြောပြလို့ရတဲ့အထိ ယုံကြည်စေချင်တယ် ။ ကိုယ့်ရှေ့မှာဆို မျက်ရည်တွေကျနေလည်း ဖြစ်ပါတယ်ဆိုတဲ့အထိ လုံခြုံစေချင်တယ် ။ တောင့်တမိတဲ့အရာတွေဆို ဘယ်အရာကိုမဆို ဖြည့်ဆည်းပေးနိုင်တဲ့အထိ ဖြစ်ချင်တယ် ။ နောက်ဆုံးဗျာ ... လိုရင်းတိုရှင်းပြောရမယ်ဆိုရင် မေနဲ့ပတ်သက်ပြီး ဘယ်အရာမဆို ကိုယ်နဲ့ ဆိုင်ချင်တယ် ။ ၀မ်းနည်းနေတဲ့အခါမျိုးတွေကို မသိလိုက်ရတာမျိုးတွေက အရေးမပါသလိုမျိုး ခံစားရစေတာလေ မေ ... အဆင်မပြေမှုတွေကို တခြားတစ်ယောက်က သိပြီး ကိုယ်မသိရတာမျိုးက သိပ်ကို နာကျင်စေတာလေ မေ ... သိရဲ့လား ...အဆင်မပြေဖြစ်သွားမှာစိုးလို့ဆိုပြီး ကိုယ့်ဖက်ကို ငဲ့မကြည့်နဲ့မေ ... မေ့ရဲ့ ပျော်ခြင်းမပျော်ခြင်းတွေကို အမြဲတစေ သိနေရရင် ... ကိုယ်ရှိနေရခြင်းတွေက အဓိပ္ပါယ်တွေ အများကြီးရှိတယ် ။ အိပ်မရလို့ဆိုပြီး ညသန်းခေါင်တွေ ဖုန်းဆက်လို့ရသလို ဘာဖြစ်နေမှန်းမသိလို့ဆိုပြီး ရန်ရှာလို့လည်းရတယ် ။ ငိုချလို့လည်းရတယ် ။ ချစ်နေခြင်းဆိုတဲ့အရာကလေ မင်းဖြစ်နေလို့ချစ်တာ ဖြစ်တဲ့အခါ ဘယ်လိုပဲ နေနေ ကိုယ်ကတော့ ချစ်နေမှာပါပဲ ... မင်းကိုယ်တိုင်က ကိုယ်နဲ့ဝေးရမယ့်လမ်းတွေကို မရွေးသရွေ့ အချိန်ပြည့် ရှိနေဦးမှာ ။ ချစ်တယ် ... ပြီးတော့ အရာရာဟာ ကိုယ်နဲ့ဆိုင်ချင်တယ် ။ ဒီလောက်ပါပဲ ။ မလွမ်းဘူးပြောတဲ့သူတွေက တကယ်တော့ စိတ်ထဲမှာ လွမ်းတတ်တယ်... 🫣 #မလွမ်းပဲနေပါ့မလား😢😢 ဖတ်ရတာ မောသွားလား ကျနော်တော့ အစအဆုံး မဖတ်ဘူး 😁🙂#ကျေးကို#ကျေးကိုသား #crd #foryou #မြင်ပါများပီးချစ်ကျွမ်းဝင်အောင်လို့🤒🖤 #ချစ်တဲ့စိတ်လေးနဲ့ကြည့်ပေးပါနော်😘😘😘😘 #npt ကျနော်မသိတဲ့ ကျနော့်ချစ်သူ ခင်ဗျားတို့ သိတယ် 😂


21.8K