TikTok video #7288216307772689665 posted by @rachel66qingqing.com

အများပြည်သူသို့ အသိပေးကြေညာခြင်း ============= ပဲခူး အောက်တိုဘာ ၁၀ ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ဇလပ်ထော်‌ေရ‌ေလှာတမံရှိ Spill Way ရေကျော်၍ ပေ(၅၀)ခန့် ပျက်ဆီးခဲ့သဖြင့် အဆိုပါဆည်ရေအား အရှိန်လျော့ချနိုင်ရေး ဇလပ်ထော်ချောင်းအတွင်းသို့ ရေဖောက်ထုတ်မည်ဖြစ်ကာ တမံအောက်ကျေးရွာများဖြစ်သည့် သာယာအေးကျေးရွာ၊ လက်ပံဝင်းကျေးရွာ၊ ဘူးလယ်အင်းကျေးရွာ၊ လသာကုန်းကျေးရွာများသို့ ဆည်ရေများဝင်ရောက်နိုင်မည်ဖြစ်ဖြစ်သည်၊ အဆိုပါတမံ၏ Spill Way ပြင်ဆင်ခြင်းနှင့် ရေဖောက်ထုတ်ခြင်းများအား ဆည်မြောင်းပညာရှင် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး။ ဝန်ကြီးချုပ်မှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်၊၊ ပြည်သူများ စိုးရိမ်ထိတ်လန့်မှုမဖြစ်ကြရန်၊ ကောလဟာလ သတင်းအမှားများအား မယုံကြည်ကြပါရန်နှင့် ဇလပ်ထော်တမံနှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်သည် Credit မူရင်အတိုင် မျှဝေပေးပါသည်#ဘေးကင်းကြပါစေ #🙏🙏🙏


247.3K